ကဗျာလွတ်

ငါတို့ ကျင်လည်နေတာ လေဟာနယ် အလွတ်ကြီး

ဟောဒီ မျက်နှာပြင် အလွတ် ပေါ်မှာ

လွတ်လွတ် လပ်လပ် .. ရေးခြစ် ပစ်လိုက်..

စိတ်လွတ် ကိုယ်လွတ် သွန်မှောက် ပစ် လိုက်

စည်းလွတ် ၀ါးလွတ်..သောင်းကျန်း ပစ်လိုက်

လူပျိုလူလွတ် ရယ် မှ မဟုတ်ဘူး

မလွတ် တလွတ်.. ခပ်ရွတ်ရွတ် ကလေး သာ စပ် ပြစ် လိုက်

ဆင်ဆာ လွတ် ဆို မှ တော့.. အဖော်အချွတ်ခန်း လည်း ပါချင် ပါ ပေါ့

နိုင်ငံရေး ကင်းလွတ် ကြောင်း ထောက်ခံစာ တောင်း ဖို့ မလို

မလွတ်သေး တဲ့ သူ တွေ အကြောင်း..လွတ်ပါစေ ကြောင်း ဆိုတာ တွေက  ပို ရောင်းကောင်း မယ်

မလွတ် မကျွတ် သေး တဲ့..၀ိညဉ် တွေ အကြောင်း လည်း..ကိုဘလူကြီးရေ..မအ၀ှာကြီးရေ လို့ သာ..များများ တမ်းတ..စမ်းထ တတ်တယ်

ယင်းထ ပလား ဆို.. ဘာအကြောင်းပြချက် မှ မလို..

ကိုယ်လွတ်ရုန်း တဲ့ အကြောင်း က တခမ်းတနား ဖြစ်တယ်

ရုန်းပြီး လွတ်သွားသူ တွေ ..သူရဲကောင်း ဖြစ်တယ်

မလွတ် မလပ် ရေး ထား တဲ့.လွတ်မြောက်ရေး ကြွေးကြော်သံ တကြောင်း နှစ်ကြောင်း

အလွတ် မရ စကောင်း လား ... ဟိုက..ဒီက.. နည်း နည်းစီ ကူးသာချ

ဒါ..ဟရူးမန်းရိုက် ပဲ..ကော်ပီရိုက် နဲ့ လွတ်တယ်

လွတ်မြောက်နယ်မြေ မှာ..လွတ်ပြီး မြောက် မနေ နဲ့ တဲ့

(ဘယ်သူ ပြောတာလဲ..ကိုသံခဲ လား မသိ)

အဲဒါ လည်း ကြိုက် လို့..ကူးချ လိုက်တယ်

ဝိနည်းလွတ် ပေါ့

ဝါဒ လွတ် လည်း ဖြစ်တယ်

ပါဒ လွတ် လည်း ဖြစ်တယ်

အလွတ်သဘော ပြောရရင်တော့

မော်ဒန် လွန်..မော်ဒန် လွတ်

ကာရန် မဲ့..ကာရန်လွတ်

လွတ်ချင် တာသာ လွတ်

လွတ်လို့ ရတာ အကုန် လွတ်

လက်လွတ် ခြေလွတ်

လွတ် လွတ် လပ်လပ် သာ ရေးပြစ် လိုက် စမ်း

ပတ် ဗေ တိုး ဂျိ ထိုးတတ်ရင်  .. မိုးပေါ်တက် က လို့ ရ ပြီ။
 
---
ကေ
(နိုဝင်ဘာ ၂ ရက် ၂၀၁၁)
 
ဤ ပို့စ် အား ဖတ် ၍ အတွေးပေါက်..ကောက်စပ် ထား သော (သို့) လျှောက်စပ် ထား သော ကဗျာ လွတ် ဖြစ်သည်။ မည်သူ့ကို မျှ မရည်ရွယ်ပါ...။ လွတ်လွတ်ကျွတ်ကျွတ် ဖတ်ရှု နိုင် ပါသည်။


Share/Bookmark

13 Comments:

ကိုပေါ said...

မကေ… “ဒီလိုတော့ မရေးသင့်ဘူး။ ဟိုလိုတော့ရေးပါ။”…………
စသဖြင့် လွတ်လပ်စွာ လာရောက် ချုပ်ချယ်သွားပါသည်။

အလားတူပင်….ကျွန်ုပ်တို့၏
လွတ်လပ်စွာ ကြောက်ရွံ့ခွင့်
လွတ်လပ်စွာ ကျွန်ခံခွင့်
လွတ်လပ်စွာ မျက်စိပိတ်နားပိတ်နေပိုင်ခွင့်
လွတ်လပ်စွာ မျိုချပါခွင့် တို့ကိုပါ လွတ်လပ်စွာတောင်းဆိုလိုက်ပါကြောင်း။း-)

rose of sharon said...

လွတ်လွတ်ကျွတ်ကျွတ်ဖတ်သွားပါတယ်ကေ...

မမသီရိ said...

လွတ်လပ်စွာ ဖတ်သွားတယ် ကေ
ဆင်ဆာ မဖြတ်ပါဘူး..း)

PAUK said...

စိတ်မသက်သာစွာနဲ့
လွတ်လွတ်ကျွတ်ကျွတ် ဖတ်သွားပါတယ်..
မကေ...

ပေါက်ထုံ

AH said...

အရမ်းကြိုက်မိပါတယ်။ ယင်းထရင် လျှောက်ရေးတယ်၊ ဆင်ဆာမလို၊ "ကြိုက်တဲ့လူ ဆက်နားထောင်ပါ မကြိုက်တဲ့လူ အိမ်ထဲနေပါ" ဆိုတဲ့ သီချင်းလို၊ ဘောင်ကွပ်ထားတဲ့၊ သွပ်သွင်းထားတဲ့၊ ရည်ရွယ်ချက်ရှိရှိ မြောင်းဖောက်ထားတဲ့ မြောင်းကနေ ချောင်းထဲကိုစီးဝင်မယ့် အက်ကြောင်းထပ်နေတာတွေကို လွှတ်ချပစ်လိုက်ချင်တယ်၊ လွတ်တာမှ ဘာမှန်းမသိသေးတဲ့ ဂလက်စီတွေအတထိ လွတ်ချင်တယ်၊ လွှတ်ချလိုက်ရင် မြေထုဆွဲအားရှိဦးမှာလား၊ မရှိရင် ပေါလောပေါလောနဲ့၊ လနှစ်စင်းက ၁၈၀ ဒီဂရီ တစ်ခုနဲ့တစ်ခု မျဉ်းဖြောင့်အနေအထားနဲ့ ကမ္ဘာကို ပတ်နေရင်ရော ဒီရေအတက်အကျတစ်နေ့ကို ၄ ခါဖြစ်မှာလား၊ သမိုင်းဟာ သမိုင်းပါဘဲ၊ နာမည်ကြီးချင်ရင် အနုပညာလုပ်၊ နိုင်ငံရေးလုပ်။ ခုတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေတယ်။ အဲ့ဒီအတွက် လွတ်မြောက်ခြင်းကို ကျေးဇူးတင်တယ်။

ခင်မင်စွာဖြင့်
AH

4shokelay said...

မလွတ်မလပ်တွေကြားကနေ လွတ်လွတ်လပ်လပ် ဖတ်ကြည့်ခဲ့တယ်
အရမ်းကောင်း ပါတယ်

4shokelay said...

မလွတ်လပ်တဲ့ ကြားက လွတ်လွတ်လပ်လပ် ဖတ်သွားတယ်
သိပ်ကောင်း....

Baby taster said...

ကိုပေါရဲ့
အလားတူပင်….ကျွန်ုပ်တို့၏
လွတ်လပ်စွာ ကြောက်ရွံ့ခွင့်
လွတ်လပ်စွာ ကျွန်ခံခွင့်
လွတ်လပ်စွာ မျက်စိပိတ်နားပိတ်နေပိုင်ခွင့်
လွတ်လပ်စွာ မျိုချပါခွင့် တို့ကိုပါ လွတ်လပ်စွာတောင်းဆိုလိုက်ပါကြောင်း။း-)

မိုက်တယ်း)

mks said...

(ကဗျာလွတ် :D )

Shinlay said...

လွတ်ချင် တာသာ လွတ်
လွတ်လို့ ရတာ အကုန် လွတ်
လက်လွတ် ခြေလွတ်......
လျှာလွတ် အာလွတ် အားပေးသွားပါတယ်။

Angelhlaing(May everybody be happy and healthy! said...

လွတ်လပ်စွာ အားပေးသွားးတယ် k :)

T T Sweet said...

ကဗျာကတော့ မိုက်တယ်။ ကြိုက်တယ် မကေ။

Thu said...

ဥပမာအတိုင်းပြောရရင် အနုပညာသမားတွေဟာ မိထွေးဆိုးကြီးကနှိပ်စက်လေ အဖိုးတန်တဲ့ ပုလဲမျက်ရည်တွေ ထွက်ကျလာလေဆိုတဲ့ ပုံပြင်ထဲကအတိုင်း-----------
(Copy from Blue Sky Bread)