မနက်ဖြန်


အတုအယောင်တွေဟာ..အစစ်အမှန်ထက် ပိုပြီး တောက်ပြောင်တယ် ဆိုတာ သိလာတဲ့ အခါ…
အမှား တွေက..အမှန် တွေ ထက် ပိုဆူညံ တယ်ဆိုတာ တွေ့လာတဲ့ အခါ..
လွတ်လပ်မူတွေထဲက.. ထိန်းသိမ်းမူ ကို ရှာတွေ့လာတဲ့အခါ.. 
အချစ် နဲ့ မေတ္တာကို ခွဲခြားတက်လာတဲ့ အခါ…
မမုန်းတတ်အောင်..သင်ယူနိုင်လာတဲ့ အခါ..
နှိမ့်ချခြင်းကို... ရဲရင့်ခြင်း လို့ သဘောပိုက်လာတဲ့ အခါ..
ကိုယ့်မျက်ချေးကို ကိုယ်  မြင်တတ်လာတဲ့အခါ...
ကိုယ့်အသံကို ကိုယ် ပြန်ကြားလာတဲ့အခါ..
ကိုယ့်နှလုံးသားကို ကိုယ် နားလည်လာတဲ့အခါ..
ဘုရားသခင် ခန္ခာဝိညဉ်မှာ ကိန်းဝပ်နေလေပြီ..
မနက်ဖြန်ဟာ အသစ်ဖြစ်ချေသည်။    ။



ကေသွယ်

၁၁ နာရီ ၅၈ မိနစ်
၃၁ ဇူလိုင် ၂၀၁၂
 



Share/Bookmark

4 Comments:

mirror said...

ဘလော့လာလည်ပါတယ်။
စာလာဖတ်ပါတယ်။
ကဗျာလေး လာဖတ်ပါတယ်။
( လို့ )
ဟိုတုန်းကလိုပဲ
ရေးသွားပါတယ်။ :-)

သတိုး said...

သိပ်ကိုလှပပြီးကျေနပ်ချင်စရာမနက်ဖြန်ပါပဲ။
ခင်မင်သောသတိုး

သက်ဝေ said...

အဲဒီလိုတွေ သိ တွေ့ ခွဲခြား သင်ယူ မြင် ကြား နားလည် တတ်လာအောင် ကြိုးစားနေတုန်းပဲ ကေ...

Sonata Cantata said...

ဝမ်းသာပါတယ် ကေရေ...
ဒီက မနက်ဖန်တွေကတော့ လျှော်ရင်းဖွတ်ရင်းနဲ့ပဲ သစ်လာသလိုလို ဖြစ်လိုက် ဟောင်းသွားလိုက်နဲ့ အကွက်မပေါ်တော့ပါဘူး ကေရယ်