နွေဦးမှာ စိန်ပန်း နဲ့ ကံ့ကော်တွေ အတူ ပွင့်ခဲ့တယ်


နွေဦး မှာ ကံ့ကော်ပဲ ပွင့်တာပါ.. စိန်ပန်း မပွင့်ပါဘူး.. လို့  တယောက်ယောက်က ငြင်းချက် ထုတ်ခဲ့သော်…

စိန်ပန်း နဲ့ ကံ့ကော် က.. တကယ် အတူတူ ပွင့်လို့လား… လို့.. သူငယ်ချင်း တယောက်ယောက်က.. မသိသား ဆိုးရွားစွာ မေးခဲ့ သော်…

အခု ကျမ ဖြေပါမည်။




၂၀၀၉  ခုနှစ်ကတည်းက.. တပွင့်ခြင်း တရွက်ခြင်း စီ  စုစည်း လွှာထပ် ခဲ့ ရ တဲ့၊ တက္ကသိုလ် နေ့ရက် တွေ ကို.. ၂၀၁၃ ခုနှစ် ရဲ့ နွေဦးကာလ မှာ.. တပေါင်းတစည်း ထဲ တပွေ့တပိုက် ထဲ.. မွှေးမြ ပွင့်အာ ခွင့် ရ ခဲ့ ပါပြီ။ 

ခုချိန် ငွေယားကလေး ရှိရင်.. စာအုပ်ထုပ် လို့ ရနေတာပဲ..
ဘလော့ဂ်မှာ စာရေး တဲ့ မိုးကျ ရွှေကိုယ် တွေ ကလည်း..စာအုပ်လောက ထဲ ၀င်လို့ ပါလား… လို့… မျက်မွေးထော် ကြမယ် ဆိုရင်လည်း.. ၊ ကျမ နှိမ့်ချစွာ လက်ခံပါမည်။

မိုးပေါ်မှာ စာတွေ ရေးနေခွင့် ( သို့ ) ဘလော့ဂါ ဖြစ်ခဲ့ခြင်း ကြောင့်သာ၊ ကျမ မှာ အခုလို ထုတ်ဝေ ပြသ စရာ စာတချို့ ရှိနေခဲ့ခြင်းသာ။ မွှေးမြ စရာ ပန်းတွေ အသင့် ထုတ်ပိုး နိုင်ခဲ့ ခြင်းသာ။

၂၀၀၆ ခုနှစ်ကတည်းက.. ဘလော့ စ ရေးခဲ့တာ ဆိုတော့၊ ၆ နှစ်ကျော် ၇ နှစ် လောက် ကာလ အတွင်းမှာ.. ကောင်းကောင်းကန်းကန်း စာတွေလဲ ရေးခဲ့.. မကောင်းမကန်း တွေ လည်း တင်ဖြစ်ခဲ့..။ စာဖတ်သူ တွေ လည်း ရ ခဲ့.. ဆက်မဖတ်တော့တဲ့ သူတွေလည်း ရှိမယ်ထင်ရဲ့…။

တကယ်က.. ဒီ စာအုပ်ထဲမှာ ပါသလို.. လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လျော့လျော့ ..  အင်းလျားဆောင်သူ ဘ၀ ကတည်းက..ကျမ က..စာရေးခြင်း ကို ခုံမင် ခဲ့သူ။ အင်းလျားဆောင် ရဲ့ ကလောင်ရှင် တယောက် ဖြစ်ခဲ့ သူ။ မဂ္ဂဇင်း စာမျက်နှာ တချို့ မှာ ကလောင်စမ်းခဲ့သူ။ သို့သော် အဖြစ်မရှိခဲ့သူ  ဟု ဖြည့်စွက်လျှင် ပိုသင့်တော်ပေမည်။

အခု ဖြစ်ဖြစ်မြောက်မြောက် စာအုပ် တအုပ် ဖြစ်လာဖို့ လည်း ၊  ယုံကြည်ချက် ရှိရှိ.. ကိုယ်ခံအား ကောင်းကောင်း  လား ဆိုတော့.. ရိုးသားစွာ ၀န်ခံရရင်... ကျမ က.. ပင်ကိုယ်အားဖြင့်.. တုန့်နှေး ၀န်လေး တတ်သူ ။

အဲ့ဒါကြောင့်.. ဒီ စာအုပ်ကလေး ပုံပေါ် ဖြစ်မြောက် လာ အောင် တိုက်တွန်း အားပေး ကူညီ ခဲ့တဲ့ သူ တွေ ကိုသာ ၊ ကျေးဇူး အထူး နူးညွတ် ဖို့ ရန်  ရှိပေ တော့သည်။


ထို့ အတူ…  စိန်ပန်း နဲ့ ကံ့ကော် တွေ  တကယ်ပဲ အတူတူ ပွင့် ခဲ့ ကြသလား ဆိုတာ ကို၊ ( သိလျက်နဲ့ ဖြစ်စေ..မသိပဲလျက် ဖြစ်စေ..) သက်သေခံ ပေး ခဲ့ ကြတဲ့...အင်းလျားဆောင် အဆောင်မှူးဟောင်း  ဒေါ်မြမြ၀င်း နဲ့ တကွ.. အဆောင်သူ များ...၊ ဘူမိဗေဒ က သူငယ်ချင်း များ နဲ့  ဆရာသမား အသိ မိတ်ဆွေ များ ကိုလည်း ၊ ကျေးဇူးတင် ရ ပေမည်ပေါ့။

ကျေးဇူး စာရင်း မှာ ထပ်မံ ဖြည့်စွက် ရမည့် သူတွေ ကတော့..  မျက်နှာဖုံး ပန်းချီ ကို အချိန်မီ ရေးဆွဲပေးတဲ့ ပန်းချီ မုတ်သုန်။ အတွင်း ပန်းချီ သရုပ်ဖော် ပုံတွေ ကို  မေတ္တာနဲ့ ကူညီ ရေးဆွဲ ပေးခဲ့တဲ့ ကိုဖြိုး ( icn2-imaginary clouds) နဲ့  အမ ဖြစ်သူ နီနီမာ ။ ချစ်စရာ ကဗျာ သုံးပုဒ် ကို အသုံးပြုခွင့် ပေးခဲ့တဲ့  ကိုတင်မင်းထက် ။ အမှတ်တရ စကားတွေ အသီးသီး ရေးပေး ခဲ့တဲ့.. မမိုးချိုသင်း..မဂျူနီယာဝင်း.. မခင်မင်းဇော်..ကိုခင်အောင်အေး.. နဲ့  မနော်ဟရီ  ။ နှစ်ကာလများ ရဲ့  စာအုပ်အစီအစဉ် ၁၀၂  အဖြစ်  ပါဝင်ခွင့် ပေး ခဲ့တဲ့၊ ကဗျာဆရာ ကိုမိုးဝေး နဲ့ နှစ်ကာလများ စာပေ။

နောက်ဆုံး ကျေးဇူးတင်ရမည့် သူများကတော့.. စာဖတ်သူ များပါပေ။

စာအုပ် ရဲ့ အစိတ်အပိုင်း တော်တော်များများ က အရင် မူလ  ဘလော့ဂ် ပေါ်မှာ ရေးခဲ့ တာတွေ ကို အဓိက အခြေခံ ထား ပေမဲ့လို့ ၊ ဘူမိဗေဒ ကွင်းဆင်း ခရီး စဉ် တခု ပေါ်က.. အမှတ်ရ စရာ အဖြစ်အပျက် တွေကို ၊ အသစ်ဖြည့်စွက် ထားတဲ့ အပြင် ၊ နောက်ဆုံးခန်း ကိုလည်း ၊ ၂၀၁၃ ခုနှစ် ရဲ့ လတ်လတ်ဆတ်ဆတ် အတွေ့အကြုံ ခံစားချက် များ နဲ့  အပြီးသပ် ပုဒ်မ ချ ထားမိသည်။

မြို့ထဲ က ၊ စာပေလောက ၂ ၊ စာပေလောက ၅ ၊ ရာပြည့် ၊ အင်းဝ ၊ ပညာရွှေတောင်၊ အမေ့အိမ် ၊ စာပေဗိမာန်စာအုပ်ဆိုင် နဲ့ today စာအုပ်ဆိုင် တို့ မှာ ၀ယ်လို့ ရပါပြီ။ လှည်းတန်း  မှာ ဆိုရင် စာပေဟင်းလေးအိုး နဲ့ ဦးထွန်းလင်းခြံလမ်းက အင်းဝ စာအုပ်ဆိုင် ။ မြေနီကုန်း မှာဆို  ဂမုန်းပွင့်ရှေ့က The book shop တို့ မှာ လည်း ၀ယ်လို့ရပါပြီ။ 

စင်ကာပူ ကိုလည်း  မကြာခင် မှာ ပို့နိုင်အောင် ကြိုးစားပါမည်။

လေးစားစွာဖြင့်-

ကေသွယ်











Share/Bookmark

14 Comments:

rose of sharon said...

ကေရေ.... အဲဒီစာအုပ်ရအောင်ကိုဝယ်မယ်... လူချင်းတွေ့တဲ့အခါလက်မှတ်ထိုးပေးနော်..

ချစ်တဲ့
နော်ဖော

အမ်တီအန် said...

စာအုပ်တော့ လက်ထဲရောက်ပြီ...
စာရေးသူလက်မှတ်လေး လိုချင်တယ်..
ဒီည ဒီစာအုပ်လေးနဲ့နှပ်မယ်..မကေရေ :)

ကိုကိုးအိမ်(မန္တလေး) said...

စာအုပ်လေးက မန်းတလေးမရောက်သေးတော့ ဘလော့ထဲမှာ အဟောင်းများကို ဒီညနိုင်သလောက်ဖတ်မြီ... :)

ခင်မင်စွာဖြင့်
ကိုကိုးအိမ်

သဒ္ဓါလှိုင်း said...

မကေ..
ဘလော့လေးစပြီး ဖတ်ခွင့်ရခဲ့တဲ့အချိန်ကစပြီး မကေရဲ့ဘလော့မှာ ပုံမှန်တင်ခဲ့တဲ့ စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်.. ကို တရှိုက်မက်မက်ဖတ်ရင်း တက္ကသိုလ်သီချင်းလေးကိုလည်း တဘက်ကနားထောင်ရင်း လွမ်းမောခဲ့ရတဲ့ မကြာသေးခင်ကာလက တက္ကသိုလ်ဘဝလေးမှာ လွင့်မျောနေခဲ့ရတယ်။ စာအုပ်လေးကိုင်ပြီးဖတ်ရတဲ့ အရသာက ဘယ်အရသာနဲ့မှ မတူလို့ ခုလို နှစ်သက်ခဲ့ရတဲ့ စာကိုလည်း စာအုပ်လေးအဖြစ်မြင်တွေ့ရတာကိုက တကယ့်ကိုဝမ်းသာပီတိဖြစ်ရင်း ဂုဏ်ယူရပါတယ်.။
အောင်မြင်မှုများထွေးပွေ့ထားနိုင်ပါစေ မကေ.
ချစ်တဲ့
ညီမသဒ္ဓါ

သဒ္ဓါလှိုင်း said...

မကေ..
ဘလော့လေးစပြီး ဖတ်ခွင့်ရခဲ့တဲ့အချိန်ကစပြီး မကေရဲ့ဘလော့မှာ ပုံမှန်တင်ခဲ့တဲ့ စိန်ပန်းနဲ့ကံ့ကော်တွေ အတူပွင့်ခဲ့တယ်.. ကို တရှိုက်မက်မက်ဖတ်ရင်း တက္ကသိုလ်သီချင်းလေးကိုလည်း တဘက်ကနားထောင်ရင်း လွမ်းမောခဲ့ရတဲ့ မကြာသေးခင်ကာလက တက္ကသိုလ်ဘဝလေးမှာ လွင့်မျောနေခဲ့ရတယ်။ စာအုပ်လေးကိုင်ပြီးဖတ်ရတဲ့ အရသာက ဘယ်အရသာနဲ့မှ မတူလို့ ခုလို နှစ်သက်ခဲ့ရတဲ့ စာကိုလည်း စာအုပ်လေးအဖြစ်မြင်တွေ့ရတာကိုက တကယ့်ကိုဝမ်းသာပီတိဖြစ်ရင်း ဂုဏ်ယူရပါတယ်.။
အောင်မြင်မှုများထွေးပွေ့ထားနိုင်ပါစေ မကေ.
ချစ်တဲ့
ညီမသဒ္ဓါ

သတိုး said...

ကောင်းကောင်းကန်းကန်း စာတွေလဲ ရေးခဲ့..။

မကောင်းမကန်း တွေ လည်း တင်ဖြစ်ခဲ့..တော့ မဟုတ်ပါဘူးဗျ။ မကြာ မကြာ ရောက်လာ၊ စာဖတ်နေကျပါ။ စာအုပ်ကြော်ငြာတွေ့တော့ ချက်ချင်း ဖတ်ချင်ခဲ့တာ။း)

phyu said...

ASKING MY FRIEND TO BUY FOR ME FROM YGN.

phyu said...

i asked my friend to buy for me from Ygn.

phyu said...

ASKING MY FRIEND TO BUY FOR ME FROM YGN.

LB said...

စာအုပ်အဖြစ် ဖတ်ရပြီပေါ့ အမရာ..
စာအုပ်နဲ့ ပုံနှိပ်စာလုံးနဲ့ ဖတ်ရတာတော့ ပိုအရသာရှိတယ်လို့ ခံစားရတယ် ..

Anonymous said...

နှစ်ခြိုက်စွာ တစိမ့်စိမ့်ဖတ်နေကြောင်းပါ အစ်မရေ......(ခင်မင်ရင်းနှီးမိတာကြောင့် အစ်မလို့ ခေါ်တာ မလေးမစားဖြစ်သွားရင် ခွင့်လွှတ်ပါဆရာမ)။

Linn Yan Kha said...

မကေရေ....

နွေဦးမှာ ကံ့ကော်လည်း ဝေ၊
စိန်ပန်းလည်း ကြွေခဲ့ပြီလေ.....

ခင်မင်မှုများစွာဖြင့်
လင်းယံခ (မြန်မာစာ)

ayeyupar said...

အမ စာအုပ် ကို ၀ယ်ဖြစ်အောင် ၀ယ်သိမ်းထားမယ် ။ ၂၀၁၃ ခု နှစ်အထိ မှတ်တိုင်တွေ ပါဝင်အောင် ရေးထားတဲ့ စာအုပ်က အမှတ်တရဖြစ်နေမှာပါ

ayeyupar said...

အမ စာအုပ် ကို ၀ယ်ဖြစ်အောင် ၀ယ်သိမ်းထားမယ် ။ ၂၀၁၃ ခု နှစ်အထိ မှတ်တိုင်တွေ ပါဝင်အောင် ရေးထားတဲ့ စာအုပ်က အမှတ်တရဖြစ်နေမှာပါ