ရွှေဒေါင်းတောင် မှ..


နေအုံး .. အာရုံထဲမှာ စွဲထင်ကျန် နေခဲ့တဲ့ ၊ ဒီလို ပလ္လင်ကြီး နောက်တခု ရှိသေးသည်။ အဲဒီ တရုတ်နိုင်ငံ ပီကင်းမြို့တော် က၊ ပလ္လင်ကြီးဆီ ကိုတော့၊ လူကိုယ်တိုင် ရောက်ခဲ့ ခြင်း မဟုတ်။ နောက်ဆုံးဧကရာဇ်ကလေး ပုရီ က၊  အမြင်အာရုံတွေက တဆင့် ခေါ်သွားခဲ့ ခြင်းသာ။ စစ်တင်မက၊ စနစ်ပါ ရှုံးသွားခဲ့တဲ့၊ တရုတ် ပဒေသရာဇ် တွေရဲ့ နောက်ဆုံး ဘုရင် ကလေး ခမျာ၊ သူ ထိုင်ဖူး ခဲ့တဲ့၊ ပလ္လင်ကြီးဆီကို၊ စက်ဘီးကလေးစီးပြီး ၊ မကြခဏ လာကြည့် တတ်သည်။ လူလစ်တဲ့ အချိန်  ပလ္လင်ကြီးပေါ်ကို တက် ကြည့်ဖို့ ကြိုးစားနေတုန်း အနားကို ရောက်လာတဲ့ ကျောင်းသားငယ်လေး တယောက်ကို ဒါ သူ ငယ်ငယ်က ထိုင်ဖူးတဲ့ ပလ္လင်ကြီး လို့ ပြောတော့ ယုံကြည်စရာ ဘယ်မှာ ရှိမလဲ။
 ပုရီ အတွက်တော့..သမိုင်းဆိုတာ...မယုံနိုင်စရာ လောကဓံ တရားရဲ့ အလှည့်အပြောင်းတွေ။



၂၀၀၉ ခုနှစ်တုန်းက ရေးခဲ့တဲ့ ခရီးသွားမှတ်တမ်း စာလေး တပုဒ်ပါ။   ရွှေဒေါင်းတောင် အွန်လိုင်း စာစောင် အတွက် အနည်းငယ် ပြန်လည် ပြင်ဆင် ရေးသား ထားပါတယ်။ 



Share/Bookmark

0 Comments: